ချင်းပြည်နယ် ဟားခါးမြို့နယ်၌ ပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေး

Jun 14 • 9:09 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ် ဟားခါးမြို့နယ်၌ ပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ ပြည်သူ့အကျိုးပြု ရက် (၁၀၀) စီမံချက်အရ ဟားခါးမြိ...

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ ပြည်သူ့အကျိုးပြု ရက် (၁၀၀) စီမံချက်အရ ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများကို အခမဲ့ ကွင်းဆင်းဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုတွင် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးအပါအဝင် ဆေးပညာ၊ ခွဲစိတ်၊ သားဖွား/မီးယပ်၊ အရိုး/အကြောနှင့် ကလေး အထူးကုဆရာဝန်ကြီးများက လာရောက်ကုသပေးနေခြင်းဖြစ်ပြီး၊ ကွင်းဆင်းဆေးကုသပေးရာနေရာသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက သွားရောက်ကြည့်ရှုကာ ဆေးကုသမှုခံယူနေသည့် နေရပ်ရှောင်ပြည်သူများကို တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

9