အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့်အဖြစ် အိမ်ဖြူတော်၌ သမိုင်းဝင် “UFC Freedom 250” ပြိုင်ပွဲ ကျင်းပမည်

Jun 13 • 10:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့်အဖြစ် အိမ်ဖြူတော်၌ သမိုင်းဝင် “UFC Freedom 250” ပြိုင်ပွဲ ကျင်းပမည်

အမေရိကန်နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် Ultimate Fighting Championship (UFC) ပြိုင်ပွဲကို အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင် (South Lawn) ၌ ကျင်းပသွားမည်ဖြ...

အမေရိကန်နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် Ultimate Fighting Championship (UFC) ပြိုင်ပွဲကို အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင် (South Lawn) ၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် အစီအစဉ်များထဲမှ တစ်ခုဖြစ်ပြီး “UFC Freedom 250” ဟု အမည်ပေးထားကာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက် (မနက်ဖြန်) တွင် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်သို့ ပရိသတ် ၄,၀၀၀ ကျော် လာရောက်ကြည့်ရှုရန် မျှော်မှန်းထားပြီး၊ အဓိကပွဲစဉ် (Main Event) အဖြစ် Lightweight ချန်ပီယံ Ilia Topuria နှင့် Justin Gaethje၊ Co-main Event အဖြစ် Alex Pereira နှင့် Ciryl Gane တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။UFC အမှုဆောင်အရာရှိချုပ် Dana White က ယခုပွဲသည် UFC သမိုင်းတစ်လျှောက် အထူးခြားဆုံးပွဲ ဖြစ်လာမည်ဟု ပြောကြားခဲ့သော်လည်း အစိုးရပိုင်နေရာတွင် ပရော်ဖက်ရှင်နယ် MMA ပြိုင်ပွဲ ကျင်းပခြင်းအပေါ် ဝေဖန်မှုများနှင့် တားဆီးရန် တရားစွဲဆိုမှုများ ရှိခဲ့သည်။ 

news-view-count-icon

9