အမေရိကန်နိုင်ငံသမိုင်းရဲ့ ပထမဆုံးအကြိမ်အဖြစ် Ultimate Fighting Championship (UFC) ပြိုင်ပွဲကို အိမ်ဖြူတော် South Lawn မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ဒီပွဲဟာ အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် အစီအစဉ်တွေက တစ်ခုဖြစ်ပြီး “UFC Freedom 250” လို့ အမည်ပေးထားတာလည်းဖြစ်ပါတယ်။ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပရိသတ် ၄,၀၀၀ ကျော် လာရောက်ကြည့်ရှုမယ်လို့ မျှော်မှန်းထားပါတယ်။အဓိကပွဲစဉ်အဖြစ် Lightweight ချန်ပီယံ Ilia Topuria နှင့် Justin Gaethje တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး Co-main Event အဖြစ် Alex Pereira နှင့် Ciryl Gane တို့ ထိုးသတ်ကြမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာ UFC သမိုင်းတစ်လျှောက် အထူးခြားဆုံးပွဲများအနက် တစ်ပွဲဖြစ်လာမယ်လို့ UFC အမှုဆောင်အရာရှိချုပ် Dana White က ပြောဆိုခဲ့ပါတယ်။အားကစားလောကနဲ့ နိုင်ငံရေးလောကရဲ့ အာရုံစိုက်မှုကို တစ်ပြိုင်နက်တည်း ရရှိထားသည့် UFC Freedom 250 ပွဲဟာ UFC သမိုင်းသာမက အမေရိကန်နိုင်ငံရဲ့ အားကစားသမိုင်းမှာပါ မှတ်တမ်းဝင်မယ့် ပွဲတစ်ပွဲအဖြစ် သတ်မှတ်ခံထားရပါတယ်။



