၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး၏ ပထမဆုံးအဖွင့်ပွဲစဉ်ကို မက္ကဆီကိုစီးတီး အားကစားကွင်း၌ ဇွန်လ ၁၁ ရက် (ဒေသစံတော်ချိန်) က စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး အဖွင့်လှခဲ့သည်။မက္ကဆီကိုအသင်းအတွက် အနိုင်ဂိုးများကို ဂျူလီယန် ကွီနိုနက်စ်နှင့် ရာအူးလ် ဟီမင်နက်ဇ်တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲစဉ်၏ ဒုတိယပိုင်းပွဲကစားချိန်အတွင်း နှစ်ဖက်ကစားသမား စုစုပေါင်း ၃ ဦးအထိ အနီကတ်ဖြင့် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။





