ONE Friday Fights 158 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ကျော်စွာဝင်းနှင့် ထွန်းမင်းအောင်တို့ ဇွန် ၁၂ ရက်၌ ဝင်ရောက်ထိုးသတ်မည်

Jun 08 • 3:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ONE Friday Fights 158 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ကျော်စွာဝင်းနှင့် ထွန်းမင်းအောင်တို့ ဇွန် ၁၂ ရက်၌ ဝင်ရောက်ထိုးသတ်မည်

လာမည့်သောကြာည (ဇွန်လ ၁၂ ရက်) တွင် ကျင်းပမည့် ONE Friday Fights 158 ပြိုင်ပွဲ၌ မြန်မာလူငယ်ဖိုက်တာများဖြစ်ကြသည့် ကျော်စွာဝင်းနှင့် ထွန်းမင်းအောင်တို့ ပါဝင်ယှဉ်ပြိ...

လာမည့်သောကြာည (ဇွန်လ ၁၂ ရက်) တွင် ကျင်းပမည့် ONE Friday Fights 158 ပြိုင်ပွဲ၌ မြန်မာလူငယ်ဖိုက်တာများဖြစ်ကြသည့် ကျော်စွာဝင်းနှင့် ထွန်းမင်းအောင်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မွေထိုင်း ဘင်တန်ဝိတ်တန်း (၃ မိနစ် ၃ ချီ) တွဲဆိုင်းအဖြစ် ONE တွင် တစ်ပွဲနိုင်တစ်ရှုံးရလဒ်ရှိထားသည့် ကျော်စွာဝင်းက အတွေ့အကြုံရင့် ထိုင်းဖိုက်တာ ဆလေတန်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ မွေထိုင်း လိုက်ဝိတ်တန်းတွင်မူ ONE ပွဲထွက် ၆ ပွဲ၌ ၂ ပွဲနိုင် ၄ ပွဲရှုံးထားပြီး လက်ရှိတွင် ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ထားသည့် ထွန်းမင်းအောင်က ONE ၌ တစ်ပွဲထိုး အလဲထိုးဖြင့် နိုင်ထားသော အသက် ၂၁ နှစ်အရွယ် နယူးဇီလန်ဖိုက်တာ တီတပ်စ်ပရိုစ်တာနှင့် ရှုံးပွဲအလှည့်အပြောင်းအတွက် ရုန်းကန်ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

14