၂၀၂၆-၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ဇွန်လ ၁၅ ရက်တွင် စတင်ကျင်းပမည်

Jun 07 • 8:00 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆-၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ဇွန်လ ၁၅ ရက်တွင် စတင်ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲကြီးကို လာမည့် ဇွ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲကြီးကို လာမည့် ဇွန်လ ၁၅ ရက်နေ့မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ (၈) လကြာ ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ အသင်းသစ် (၂) သင်း ထပ်မံတိုးချဲ့ပါဝင်လာသဖြင့် လက်ရှိချန်ပီယံ ဧရာဝတီ၊ I.S.P.E၊ မြဝတီ၊ သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ Young Lionesses နှင့် ရန်ကုန်စီးတီးတို့အပါအဝင် စုစုပေါင်း ကလပ်အသင်း (၁၀) သင်းဖြင့် လိဂ်ပွဲစဉ် (၉၀) အထိ အင်အားတောင့်တင်းစွာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁)၊ ရန်ကုန်ယူနိုက်တက်ကွင်း (Y.U.S.C) နှင့် ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့တွင် ခွဲဝေကျင်းပမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့က ၎င်းတို့၏ကွင်းများ၌ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

9