ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် တောင်ကျရေကြောင့် ကိုယ်ထူကိုယ်ထတံတား၊ နေအိမ်နှင့် နွားများ ရေစီးနှင့်အတူ မျောပါပျက်စီး

Jun 07 • 4:47 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် တောင်ကျရေကြောင့် ကိုယ်ထူကိုယ်ထတံတား၊ နေအိမ်နှင့် နွားများ ရေစီးနှင့်အတူ မျောပါပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာတွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ တဟုန်ထ...


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာတွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ တဟုန်ထိုးကျဆင်းလာမှုကြောင့် တင်းချောင်း-ဝက်ကော်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အလျားပေ ၃၀၀ ကျော်၊ အနံပေ ၇၀ ရှိ ကိုယ်ထူကိုယ်ထတံတား (၁) စင်း၊ နေအိမ် (၁) လုံးနှင့် နွား (၄) ကောင်တို့ ရေစီးနှင့်အတူ မျောပါပျက်စီးသွားကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ အဆိုပါ တောင်ကျရေကြီးမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ်အများအပြားမှာ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်နေသဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးအဖွဲ့များက နီးစပ်ရာမိသားစုများထံသို့ အရေးပေါ်ရွှေ့ပြောင်းနေရာချထားပေးရလျက်ရှိပြီး၊ ငပုတောမြို့နယ် ဂျက်ကာ-စိန်တောင်မော်တင် ကားလမ်းပေါ်ရှိ တင်းချောင်းတံတားတွင်လည်း ချဉ်းကပ်လမ်း ရေတိုက်စားကာ ပေ ၁၀၀ ခန့် မြေပြိုကျွံကျသွားသဖြင့် ယာဉ်လိုင်းများ သွားလာ၍မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဇွန်လ ၅ ရက်နေ့မှစ၍ နောက်ထပ် ၂ ရက်အထိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အသိပေးသတိပေးထားသည်။

news-view-count-icon

9