ရန်ကုန်မြို့နဲ့ မဝေးတဲ့ ကျောက်တန်းမြို့မှာရှိတဲ့ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားတဲ့အတွက် လာရောက်အဓိဌာန်ပြု ဆုတောင်းသူတွေနဲ့ မပြတ်စည်ကားနေတာပါ။ကျောက်တန်းမြို့ကို လာရောက်ကြတဲ့ ဘုရားဖူးဧည့်သည်အများစုဟာ ကျောက်တန်းရေလယ်ဘုရားကို လာရောက်ရင်း လမ်းခရီးမှာရှိတဲ့ ပိလခတ်ဟိန္ဒူဘုရားကျောင်းကြီးဆီကိုပါ ဝင်ရောက်လေ့လာလေ့ရှိကြပါတယ်။အခုလို မိုးမကျတကျ ရာသီဥတုအေးအေးလေးမှာ ရန်ကုန်မြို့ပြကနေ နာရီပိုင်းမျှသာ သွားရတဲ့ ဒေသတွင်း တစ်နေ့တာ အပန်းဖြေဘုရားဖူး (Day Trip) ခရီးစဉ်အဖြစ် သွားရောက်ကြသူတွေလည်း ရှိပါတယ်။ပီလခတ်ဟိဒ္ဒူဘုရားကျောင်းကို အလုပ်ကိစ္စ၊ ကျောင်းကိစ္စနဲ့ သားဆုပန်ဖို့အတွက် ဘုရားဖူးတွေက ရာသီမရွေး လာရောက်ကြတာဖြစ်ပါတယ်။
ကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကြီးသို့ ကုသိုလ် ခရီး
Jun 03 • 10:50 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 7 | 0 | 0 | 0 |



