၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ခါဗာစကယ်လီယာ ရွေးချယ်ခံရပြီး အကောင်းဆုံးအသင်းမှာ PSG ကစားသမား (၅)ဦးပါဝင်

Jun 01 • 3:48 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ခါဗာစကယ်လီယာ ရွေးချယ်ခံရပြီး အကောင်းဆုံးအသင်းမှာ PSG ကစားသမား (၅)ဦးပါဝင်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု (Player of the Season) အတွက် ပီအက်စ်ဂျီ (PSG) အသ...

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု (Player of the Season) အတွက် ပီအက်စ်ဂျီ (PSG) အသင်း၏ တောင်ပံတိုက်စစ်ကစားသမား ခါဗာစကယ်လီယာ (Khvicha Kvaratskhelia) ကို ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ဂျော်ဂျီယာလက်ရွေးစင် တောင်ပံကစားသမား ခါဗာစကယ်လီယာသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG အသင်းအတွက် ၁,၁၄၁ မိနစ် ပါဝင်ကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် PSG အသင်း ချန်ပီယံလိဂ်ဖလားကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကခြေစွမ်းပြခဲ့ခြင်းကြောင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။အကောင်းဆုံးလူငယ်ကစားသမားဆု (Young Player of the Season) ကိုမူ ရီးယဲလ်မက်ဒရစ်အသင်း၏ တူရကီကွင်းလယ်တိုက်စစ်ကစားသမား အာဒါဂူလာ (Arda Güler) က ဆွတ်ခူးရရှိခဲ့သည်။ထို့ပြင် UEFA က ထုတ်ပြန်လိုက်သည့် ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ် အကောင်းဆုံးအသင်း (Team of the Season) တွင် ချန်ပီယံ PSG အသင်းမှ ကစားသမား ၅ ဦးအထိ ပါဝင်ကာ အများဆုံး ဖြစ်ခဲ့ပြီး အာဆင်နယ်မှ ၃ ဦး၊ ဘိုင်ယန်မြူးနစ်မှ ၂ ဦးနှင့် အက်သလက်တီကို မက်ဒရစ်မှ ၁ ဦး ရွေးချယ်ခံခဲ့ရသည်။

news-view-count-icon

13