လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံးပွဲများ၌ အချိန်ဆွဲခြင်းကို လျှော့ချရန်နှင့် ပွဲအရှိန်မပျက်စေရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထူးခြားသည့် စည်းမျဉ်းအသစ် ၅ ခုကို အတည်ပြု ကျင့်သုံးသွားမည် ဖြစ်သည်။ အဆိုပါ စည်းမျဉ်းသစ်များတွင် လူစားလဲခံရသူအနေဖြင့် ကွင်းအတွင်းမှ ၁၀ စက္ကန့်အတွင်း မထွက်ပါက လူစားဝင်မည့်သူက ၁ မိနစ် စောင့်ဆိုင်းရမည့် "အမြန်လူစားလဲမှုစည်းမျဉ်း"၊ လက်ပစ်ဘောနှင့် ဂိုးလွန်ဘောများကို ၅ စက္ကန့်အတွင်း မကန်ပါက ပြိုင်ဘက်ကို ဘောလုံးပိုင်ဆိုင်မှု လွှဲပြောင်းပေးရမည့်စည်းမျဉ်း၊ ကွင်းတွင်း ဆေးကုသမှုခံယူသည့် ကစားသမားအနေဖြင့် ပြင်းထန်ဒဏ်ရာရမှုမှအပ ကွင်းပြင်သို့ထွက်၍ ၁ မိနစ်စောင့်ဆိုင်းရမည့်စည်းမျဉ်း၊ အနီကတ်ဖြစ်စေမည့် ဒုတိယအဝါကတ်နှင့် မှားယွင်းသောထောင့်ကန်ဘောများကို VAR ဖြင့် ပြန်လည်စစ်ဆေးခွင့်ပြုမည့်စည်းမျဉ်းနှင့် ဒိုင်လူကြီးထံတွင် အသင်းခေါင်းဆောင်တစ်ဦးတည်းသာ ရှင်းလင်းချက်တောင်းခံခွင့်ရှိပြီး အခြားသူများ ဝိုင်းအုံပြောဆိုပါက အဝါကတ်ပြသမည့် စည်းမျဉ်းများ ပါဝင်ကြောင်း သိရသည်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အချိန်ဆွဲမှုလျှော့ချရန်နှင့် ပွဲအရှိန်မြှင့်ရန် FIFA က ထူးခြားသည့် စည်းမျဉ်းသစ် ၅ ခု ကျင့်သုံးမည်
May 30 • 1:44 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


