လူရွှင်တော် ပန်းသီး၏ ဈာပနအခမ်းအနားကို မနက်ဖြန် မေလ ၃၁ ရက်တွင် ရေဝေးသုဿန်၌ ပြုလုပ်မည်

May 30 • 1:42 PM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

လူရွှင်တော် ပန်းသီး၏ ဈာပနအခမ်းအနားကို မနက်ဖြန် မေလ ၃၁ ရက်တွင် ရေဝေးသုဿန်၌ ပြုလုပ်မည်

နာမည်ကျော် "သီးလေးသီး" ဟာသလူရွှင်တော်အဖွဲ့ဝင်ဖြစ်သူ လူရွှင်တော် ပန်းသီး (ခ) ဦးမျိုးဇော်၏ ဈာပနအခမ်းအနားကို မနက်ဖြန် (မေလ ၃၁ ရက်) မွန်းလွဲ ၁ နာရီတွင် ရေဝေးသုဿန်၌ ...

နာမည်ကျော် "သီးလေးသီး" ဟာသလူရွှင်တော်အဖွဲ့ဝင်ဖြစ်သူ လူရွှင်တော် ပန်းသီး (ခ) ဦးမျိုးဇော်၏ ဈာပနအခမ်းအနားကို မနက်ဖြန် (မေလ ၃၁ ရက်) မွန်းလွဲ ၁ နာရီတွင် ရေဝေးသုဿန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ၎င်း၏ ရုပ်အလောင်းကို လက်ရှိ ဆေးကုသမှုခံယူခဲ့သည့် ဂရန်းဟံသာ (Grand Hantha) ဆေးရုံမှ ရေဝေးသုဿန်သို့ ပို့ဆောင်မည်ဖြစ်ပြီး၊ လိုက်ပါပို့ဆောင်မည့် ကားများသည် မနက် ၁၁ နာရီတွင် သာကေတမြို့နယ်၊ ၄-တောင်ရပ်ကွက်၊ အောင်သစ္စာ (၃) လမ်းရှိ ၎င်း၏ နေအိမ်မှ စတင်ထွက်ခွာမည်ဖြစ်သည်။လူရွှင်တော် ပန်းသီးသည် မေလ ၂၉ ရက် မွန်းလွဲပိုင်းက အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ်ရှိပြီဖြစ်သည်။ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ကာ ရက်လည်ဆွမ်းသွတ်တရားနာခြင်းကို လာမည့် ဇွန်လ ၄ ရက်တွင် နေအိမ်၌ ပြုလုပ်သွားမည်ဖြစ်သည်။ 

news-view-count-icon

14