မကွေးတိုင်း၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ရွှေပြောင်ပြောင်စေတီတော်မြတ်ကြီး၏ (ဆဋ္ဌမ)အကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အသစ်တင်လှူပူဇော်ပွဲကို မေ ၃၀ ရက်တွင် ဆင်ယင်ကျင်းပသွားမည်ဖြစ်သည်။ထို့ကြောင့် ယနေ့ မေ ၂၉ ရက်နံနက်ပိုင်းတွင် စေတီတော်မြတ်ကြီး၌တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက် မြတ်နားတော်နှင့် ရွှေသင်္ကန်းတော်များကို မြို့တွင်းအချက်အချာကျသောလမ်းမကြီးများအတိုင်း မော်တော်ယာဉ်များဖြင့်လှည့်လည်အပူဇော်ခံခဲ့သည်။
အောင်လံမြို့ရှိ ရွှေပြောင်ပြောင်စေတီတော်၌တင်လှူမည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်းတော်များ မြို့တွင်းလှည့်လည်ပူဇော်
May 29 • 12:37 PM
မြန်မာ
မကွေး
မျှဝေမည်
| 6 | 0 | 0 | 0 |


