မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ ပိတ်ချင်းမြောင်အနီးရှိ တောင်ပုလတောင်တော်သို့ လာရောက်သည့် ဘုရားဖူးခရီးသွားဦးရေမှာ လက်ရှိတွင် ပုံမှန်ရက်၌ တစ်ရက်လျှင် လူဦးရေ နှစ်ထောင်ခန့်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လေးထောင်ခန့်အထိ ရှိနေကြောင်း မေလ ၂၈ ရက်တွင် သိရသည်။ ပေ ၉၀၀ ကျော်မြင့်သည့် အဆိုပါတောင်တော်ပေါ်တွင် ဘုရားဖူးရင်း တိမ်ပင်လယ်ရှုခင်းများနှင့် အလှဓာတ်ပုံရိုက်ကူးနိုင်ရန် ဖန်တီးပေးထားသည့်အပြင် လာရောက်သူများကို ညအိပ်တည်းခိုခွင့်နှင့် စတုဒိသာထမင်းဟင်းများ ကျွေးမွေးလှူဒါန်းလျက်ရှိရာ ယခုနှစ်တွင် ဒူးရင်းသီးစတုဒိသာကျွေးမွေးမှု (၃) ကြိမ်မြောက်အထိ ရှိလာပြီဖြစ်သည်။ လက်ရှိတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ လေကောင်းလေသန့်ရှူရှိုက်နိုင်သည့် တောင်ပုလတောင်တော်၌ လမ်းချဲ့ခြင်း၊ ရင်ပြင်တော်ပြင်ဆင်ခြင်းနှင့် ဓာတ်ပုံရိုက်ကွင်းနေရာသစ်များ တိုးချဲ့ခြင်းစသည့် အကြီးစားပြင်ဆင်မှုများကို လုပ်ဆောင်နေကြောင်း တောင်ပုလဆရာတော် အရှင်ပညာဘောဂထံမှ သိရသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ တောင်ပုလတောင်သို့ နေ့စဉ် ဘုရားဖူးထောင်နှင့်ချီ လာရောက်နေ
May 29 • 4:14 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 5 | 0 | 0 | 0 |


