ဖလိုင်းဝိတ်တန်း ချင်းတိုင်းရင်းသား UFC ဖိုက်တာ ဂျိုရှူအာဗန် (Joshua Van) သည် ယနေ့ မေလ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ လာရောက်လည်ပတ်မည်ဖြစ်ရာ အိန္ဒိယမြေသို့ ပထမဆုံး လာရောက်သည့် UFC ကစားသမားအဖြစ် သမိုင်းမှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ ဂျိုရှူအာဗန်သည် မေလ ၂၅ ရက်က မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ချင်းလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ၎င်းငယ်စဉ်က တက်ရောက်ခဲ့သည့် ကျောင်းသို့ သွားရောက်လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကာ ထိုမှတစ်ဆင့် ချင်းလူမျိုးအများအပြား နေထိုင်ရာ မီဇိုရမ်ပြည်နယ်သို့ ဗီဇာဖြင့် ဆက်လက်ခရီးနှင်ခြင်း ဖြစ်သည်။၎င်းသည် မီဇိုရမ်ပြည်နယ် ခရီးစဉ်အတွင်း မေလ ၃၀ ရက်တွင် ပြည်နယ် MMA အဖွဲ့အစည်း (MSMMA) က ကျင်းပမည့် "Fight Night" ပြိုင်ပွဲသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ရန် ရှိနေသည်။ ယခုကဲ့သို့ ကမ္ဘာ့အဆင့် UFC ဖိုက်တာတစ်ဦး လာရောက်လည်ပတ်မှုအပေါ် မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီးက ပြည်နယ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားကာ ကြိုဆိုထားသည်။
ချင်းတိုင်းရင်းသား UFC ဖိုက်တာ ဂျိုရှူအာဗန် အိန္ဒိယနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် UFC ကစားသမားအဖြစ် မှတ်တမ်းဝင်မည်
May 29 • 2:39 AM
မြန်မာ
ချင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


