မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အထွက်နှုန်းကောင်းသည့် ဝါမျိုးစေ့များကို သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးပေးနေ

May 29 • 2:13 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အထွက်နှုန်းကောင်းသည့် ဝါမျိုးစေ့များကို သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးပေးနေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံကနေ တောင်သူများအတွက် တစ်ဧကလျှင် ပိဿာ ၅၀၀ မှ ...

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံကနေ တောင်သူများအတွက် တစ်ဧကလျှင် ပိဿာ ၅၀၀ မှ ၇၀၀ ခန့်အထိ ထွက်ရှိပြီး ဈေးကွက်ဝယ်လိုအားကောင်းသည့် ချည်မျှင်ရှည်ဝါမျိုးစေ့များကို စနစ်တကျ သုတေသနပြု၍ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်းသိရသည်။ အဆိုပါမျိုးသန့်ခြံအနေဖြင့် မကွေးတိုင်းအတွင်းရှိ ဝါအဓိကစိုက်ပျိုးသည့် မြို့နယ်များသို့ ငွေချည်-၆၊ ငွေချည်-၉၊ ငွေချည်-၁၁ နှင့် ရွှေတောင်-၈၊ ရွှေတောင်-၁၀ စသည့် ဝါမျိုးစေ့များကို မျိုးသုတေသန၊ ပိုးမွှားသုတေသနနှင့် မျိုးယှဉ်ပြိုင်မှု သုတေသနများပြုလုပ်ကာ ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။ ထို့ပြင် တောင်သူများ ဝါအထွက်နှုန်းတိုးတက်စေရန်အတွက် သစ်စိမ်းမြေဩဇာနှင့် ပိုက်ဆံလျှော်မြေဩဇာ အသုံးပြုနည်း၊ အက်ဆစ်ချွတ်ဝါမျိုးစေ့ ထုတ်လုပ်စိုက်ပျိုးမှု နည်းပညာများကိုလည်း အခမဲ့ပံ့ပိုးကူညီပေးလျက်ရှိသည်။

news-view-count-icon

13