မြန်မာနိုင်ငံတွင် သက်တမ်းရင့် ယာဉ်အို/ယာဉ်ဟောင်းများနေရာ၌ (EV) လျှပ်စစ်သုံးယာဉ်များဖြင့် အစားထိုးလဲလှယ်တင်သွင်းခွင့်ပြုမည်

May 29 • 1:49 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံတွင် သက်တမ်းရင့် ယာဉ်အို/ယာဉ်ဟောင်းများနေရာ၌ (EV) လျှပ်စစ်သုံးယာဉ်များဖြင့် အစားထိုးလဲလှယ်တင်သွင်းခွင့်ပြုမည်

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်သုံးဆီလေလွင့်မှု လျှော့ချရန်၊ ယာဉ်မတော်တဆမှု ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု သက်သာစေရ...

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်သုံးဆီလေလွင့်မှု လျှော့ချရန်၊ ယာဉ်မတော်တဆမှု ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု သက်သာစေရန်အတွက် သက်တမ်းရင့် ယာဉ်အို/ယာဉ်ဟောင်းများနေရာတွင် လျှပ်စစ်သုံးယာဉ် (EV) များကို အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ ထုတ်လုပ်သည့်နှစ်မှစ၍ သက်တမ်း အနှစ် (၂၀) ကျော်လွန်သည့်ယာဉ်များ၊ ပြင်ဆင်မောင်းနှင်ရန် မဖြစ်နိုင်တော့သည့်ယာဉ်များနှင့် သက်တမ်း ၂၀ မပြည့်သော်လည်း မိမိဆန္ဒအလျောက် အပ်နှံလိုသည့် ယာဉ်များကို အပ်နှံယာဉ်တန်ဖိုးနှင့်အညီ လဲလှယ်ခွင့်ပြုမည်ဖြစ်သည်။ ကညနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက စိစစ်၍ EV ယာဉ် အစားထိုး တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ကျသင့်မည့် နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သင့်တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

news-view-count-icon

20