နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်အရှေ့ရွာအနောက်ဘက်ရှိ ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း၌ မေလ ၂၇ ရက် နေ့လယ် ၁ နာရီခွဲခန့်က အမျိုးသားတစ်ဦး ရေနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ရေနစ်နေကြောင်း သတင်းရရှိသဖြင့် တောင်ညို (ယာယီ) နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ သွားရောက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရေနစ်သေဆုံးသွားခဲ့သည့် အမျိုးသား (၁) ဦး၏ ရုပ်အလောင်းအား သဟပုညကာရီပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁,၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ငလိုက်ဆည်ရေမြောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး
May 28 • 1:54 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 10 | 0 | 0 | 0 |


