မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းသာသနိကအဆောက်အအုံများ မိုးရွာသွန်းမှုကြောင့် ပိုမိုယိုယွင်းလာ

May 27 • 4:16 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းသာသနိကအဆောက်အအုံများ မိုးရွာသွန်းမှုကြောင့် ပိုမိုယိုယွင်းလာ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့်နှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် သာသနိက...

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့်နှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် သာသနိကအဆောက်အအုံအချို့ ပိုမိုပျက်စီးယိုယွင်းလာကြောင်း ဒေသခံများက ပြောသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အင်းဝဒေသရှိ ရှေးဟောင်းအဆောက်အအုံ ၈၀ ရာခိုင်နှုန်းခန့်နှင့် လူနေအိမ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာသည်အထိ ပြန်လည်ထိန်းသိမ်းနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် မိုးရေများ ပတ်ကြားအက်ကြောင်းများထဲသို့ ဝင်ရောက်မှုကြောင့် လေးထပ်ကြီးဘုရားနှင့် မယ်နုအုတ်ကျောင်းတို့တွင် ပြိုကျမှုအချို့ ရှိလာသည့်အပြင်၊ နန်းမြင့်မျှော်စင်အပါအဝင် အခြားသမိုင်းဝင်အဆောက်အအုံများလည်း ထပ်မံထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။


news-view-count-icon

6