ကချင်ပြည်နယ်၊ ဖားကန့်၌ ရွှေလုပ်သားတစ်ဦး တစ်တန်ခန့်ရှိသည့် ကျောက်ခဲပိ၍ သေဆုံး

May 27 • 3:41 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ ဖားကန့်၌ ရွှေလုပ်သားတစ်ဦး တစ်တန်ခန့်ရှိသည့် ကျောက်ခဲပိ၍ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် မေလ ၂၆ ရက် (ယမန်နေ့) နံနက် ၁ နာရီခန့်က ရွှေကျင်နေသည့် အမျိုးသားတစ်ဦး ကျောက်ခဲပိ၍ ပွဲချင်းပြီး ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် မေလ ၂၆ ရက် (ယမန်နေ့) နံနက် ၁ နာရီခန့်က ရွှေကျင်နေသည့် အမျိုးသားတစ်ဦး ကျောက်ခဲပိ၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။ သေဆုံးသူမှာ ရှရော်ခကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ နှစ်ခန့်အရွယ် ဦးမောင်မောင် ဆိုသူဖြစ်ပြီး၊ ၎င်းသည် ရွာသုံးရေကန်အနီး ကမ်းပါးအောက်၌ အခြားသူတစ်ဦးနှင့်အတူ ရွှေကျင်နေစဉ် အပေါ်မှ တစ်တန်ခန့်အလေးချိန်ရှိသည့် ကျောက်ခဲကြီး လိမ့်ကျလာကာ ပိမိခဲ့ခြင်းဖြစ်သည်။ အတူရှိနေသူတစ်ဦးမှာ လွတ်မြောက်ခဲ့သော်လည်း ဦးမောင်မောင်မှာ ကျောက်ခဲလိမ့်ကျရာ လမ်းကြောင်းအတိုင်း ပြေးမိသဖြင့် ပိမိသွားခြင်းဖြစ်ကာ ၎င်း၏ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖော်ယူ၍ လူမှုကူညီရေးအသင်းများက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။ ဖားကန့်ဒေသတွင် မိုးရာသီကာလ၌ မြေပြိုခြင်းနှင့် ကျောက်ခဲထိမှန်ခြင်းတို့ကြောင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ဘဇံချောက်ကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

news-view-count-icon

6