ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ငွေကျပ်သိန်းထောင်ချီ ကြွေးမြီရှိသည့် Joy Family Mart ဆိုင်ပိုင်ရှင်မိသားစု ပျောက်ဆုံးနေ

May 27 • 1:42 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ငွေကျပ်သိန်းထောင်ချီ ကြွေးမြီရှိသည့် Joy Family Mart ဆိုင်ပိုင်ရှင်မိသားစု ပျောက်ဆုံးနေ

ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ Joy Family Mart ဆိုင်ပိုင်ရှင် ဦးကျင့်ခန့်စိန်နှင့် မိသားစုဝင်များသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်က ကားနံပါတ် (5...

ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ Joy Family Mart ဆိုင်ပိုင်ရှင် ဦးကျင့်ခန့်စိန်နှင့် မိသားစုဝင်များသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်က ကားနံပါတ် (5R/3962) ဖြင့် အပြင်ထွက်သွားပြီးနောက် တစ်လနီးပါးကြာသည်အထိ အဆက်အသွယ် ပြတ်တောက်ပျောက်ဆုံးနေသဖြင့် အကြွေးရှင်များ စိုးရိမ်ပူပန်နေကြသည်။ ပျောက်ဆုံးနေသူများတွင် ဦးကျင့်ခန့်စိန်ဇနီးမောင်နှံ၊ သားသမီးများနှင့် အိမ်ဖော်ဖြစ်သူ မကင်ဘွေ့တို့ ပါဝင်ပြီး၊ လူမှုကွန်ရက်တွင် ရှာဖွေပေးရန် မေတ္တာရပ်ခံထားသော်လည်း လက်ရှိအချိန်ထိ သတင်းမရရှိသေးပေ။၎င်းတို့ဇနီးမောင်နှံသည် ကျန်းမာရေးဓာတ်ခွဲဘွဲ့ရများဖြစ်ပြီး မြို့လယ်ခေါင်၌ ဆိုင်ဖွင့်ထားကာ လူယုံကြည်မှုကို အသုံးပြု၍ အကြွေးရှင်များထံမှ အတိုးနှုန်းအများဖြင့် ငွေကြေးများ ချေးယူခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အကြောင်းပြချက်မျိုးစုံဖြင့် ချေးယူထားသည့် စုစုပေါင်းကြွေးမြီပမာဏမှာ ငွေကျပ်သိန်းပေါင်း ၉ သောင်းကျော်အထိ ရှိနေပြီး၊ တချို့အကြွေးရှင်များမှာမူ အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း သိရသည်။

news-view-count-icon

6