မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပေါ်သို့ သစ်ပင်လဲကျမှုကို မီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်း

May 27 • 1:28 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပေါ်သို့ သစ်ပင်လဲကျမှုကို မီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေလ ၂၆ ရက် ညပိုင်းက အောင်လံ-ပြည် လမ်းမကြီးပေါ်သို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွ...

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေလ ၂၆ ရက် ညပိုင်းက အောင်လံ-ပြည် လမ်းမကြီးပေါ်သို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က အောင်လံမြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၊ ချောင်ကျေးရွာအနီးရှိ လမ်းပိုင်းတွင် သစ်ပင်လဲကျကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လမ်းပိတ်ဆို့မှုကို ဖယ်ရှားနိုင်ရန်အတွက် အောင်လံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ကာ လမ်းကြောင်းပြန်လည်ပွင့်လင်းစေရေး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

6