ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ကို ဗဟိုပြု၍ မေလ ၂၆ ရက် ညပိုင်းက အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ကွမ်းခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ၃၆ မိုင်ခန့်အကွာ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ မဂ္ဂနီကျု ၃.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော အဆိုပါငလျင်သည် ယနေ့ည ၇ နာရီ ၄၈ မိနစ် ၃၃ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာအေးမြေငလျင်စခန်း၏ တိုင်းထွာချက်အရ သိရသည်။



