မန္တလေးကျုံးအတွင်း အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးလျက် တွေ့ရှိ

May 26 • 8:36 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးကျုံးအတွင်း အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးလျက် တွေ့ရှိ

မန္တလေးမြို့၊ နန်းမြို့ကျုံးအတွင်း၌ ယနေ့ (မေလ ၂၆ ရက်) နံနက် ၇ နာရီခန့်က အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ...

မန္တလေးမြို့၊ နန်းမြို့ကျုံးအတွင်း၌ ယနေ့ (မေလ ၂၆ ရက်) နံနက် ၇ နာရီခန့်က အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် နန်းတော်ရှေ့လူမှုရေးကူညီရေးအသင်းတို့က ဆယ်ယူကာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။ ရေနစ်သေဆုံးသူ၏ အနီးဝန်းကျင်မှ ဖုန်းတစ်လုံး၊ မှတ်ပုံတင်နှစ်ခု၊ ပိုက်ဆံအိတ်နှင့် ဖိနပ်တစ်ရံတို့ ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းသက်သေခံပစ္စည်းများအရ သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ လက်ရှိတွင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သေချာစွာသိရှိနိုင်ရန် အောင်မြေသာစံမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်း၌ သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည်များကို ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

8