မန္တလေးမဟာမုနိဘုရားကြီး(မဟာမုနိရုပ်ရှင်တော်မြတ်)သို့၊ ငလျင်မတိုင်ခင်ကထက် ခရီးသွားဝင်ရောက်မှု ပိုမို များပြားလာကြောင်း ဘုရားဂေါပကအဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှသိရသည်။ငလျင်အပြီး ယမန်နှစ် အောက်တိုဘာလမှစ၍ ခရီးသွားဝင်ရောက်မှုသိသိသာသာပိုမိုများပြားလာခြင်းဖြစ် ကြောင်း ရင်ပြင်တော်လုံခြုံရေးအဖွဲ့သတင်းအရင်းအမြစ်ကဆိုသည်။မန္တလေးငလျင်ကြီးမလှုပ်ခတ်ခင်က၊ ပုံမှန်ရက်များတွင် ခရီးသွားထောင်ဂဏန်းမျှသာရှိခဲ့သော်လည်း၊ လက်ရှိ တွင်၊ နေ့စဉ် ခရီးသွားဦးရေ၊ ပျမ်းမျှ တစ်သောင်း၀န်းကျင်ဝရောက်လျက်ရှိကြောင်း၊ အခါကြီးရက်ကြီး နှင့်တိုက် ဆိုင်သည့် ရုံးပိတ်ကျောင်းပိတ်ရက်များတွင်၊ ခရီးသွားဦးရေတစ်သိန်းနှင့်အထက်ဝင်ရောက် တတ် ကြောင်းလည်း ၎င်းက ဆိုသည်။မတ္တရာ-စဥ့်ကူး-မိုးကုတ်လမ်းပိုင်း၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပိုင်း၊ မန္တလေး-စစ်ကိုင်းလမ်းပိုင်းတို့ တွင်၊ ဒေသတွင်းတည်ငြိမ်မှုအထိုက်အလျောက်ရှိလာပြီးနောက်၊ မန္တလေးမြို့၏ခရီးသွားကဏ္ဍ ပြန်လည် အသက်ဝင်လာကြောင်း ခရီးသွားလုပ်ငန်းရှင်အသိုက်အ၀န်းမှသိရသည်။
မန္တလေးရှိ မဟာမုနိဘုရားကြီးခရီးသွားဝင်ရောက်မှု ငလျင်မတိုင်ခင်ကထက် ပိုများလာ
May 26 • 3:57 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 14 | 0 | 0 | 0 |


