မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ များပြား

May 26 • 2:14 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ များပြား

မန္တလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက် ယမန်နေ့ နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်ပေးနေရာ လာရောက်ကျောင...

မန္တလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက် ယမန်နေ့ နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်ပေးနေရာ လာရောက်ကျောင်းအပ်နှံသူ အလွန်များပြားလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံနေပါသည်။ ယခုနှစ်တွင် ကျောင်းလခ အပါအဝင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိသည့်အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကိုပါ အခမဲ့ ထောက်ပံ့ပေးနေကြောင်းနှင့် ကလေးအားလုံး ကျောင်းနေမြဲရေးအတွက် မိဘများနှင့် ရပ်ရွာပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုင်းဒေသကြီးပညာရေးမှူးရုံးက တိုက်တွန်းထားကာ ဇွန်လ ၁ ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

5