မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ တောင်ပုလတောင်၌ ဒူးရင်းသီးအလုံး ၄,၀၀၀ စတုဒိသာကျွေးမွေး

May 25 • 3:11 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ တောင်ပုလတောင်၌ ဒူးရင်းသီးအလုံး ၄,၀၀၀ စတုဒိသာကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ဝက်ဝံကျေးရွာ (ပိတ်ချင်းမြောင်အနီး) ရှိ တောင်ပုလတောင်တွင် မေလ ၂၄ ရက် နံနက်ပိုင်းက တတိယအကြိမ်မြောက်အဖြစ် ဒူးရင်းသီးအလုံး ၄,...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ဝက်ဝံကျေးရွာ (ပိတ်ချင်းမြောင်အနီး) ရှိ တောင်ပုလတောင်တွင် မေလ ၂၄ ရက် နံနက်ပိုင်းက တတိယအကြိမ်မြောက်အဖြစ် ဒူးရင်းသီးအလုံး ၄,၀၀၀ စတုဒိသာကျွေးမွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ရာ ဘုရားဖူးခရီးသွား သောင်းနှင့်ချီ လာရောက်ခဲ့ကြောင်း တောင်ပုလဆရာတော် အရှင်ပညာဘောဂထံမှ သိရပါတယ်။

ယခုကဲ့သို့ လူဦးရေသောင်းနှင့်ချီ လာရောက်မှုကြောင့် မေလ ၂၄ ရက်နေ့သည် တောင်ပုလတောင်တော်၏ ၅ နှစ်တာကာလအတွင်း ဘုရားဖူးလာရောက်မှု အများဆုံး စံချိန်တင်သည့်နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ဒူးရင်းသီးစတုဒိသာ လှူဒါန်းရာတွင် လာရောက်သူများကို တုံကင် (Token) များ ကြိုတင်ဝေငှကာ နံနက် ၉ နာရီမှစ၍ တစ်ဦးလျှင် အသင့်ထည့်ထားသည့် ဒူးရင်းသီးတစ်ဘူးစီ စနစ်တကျ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။အဆိုပါပွဲတွင် ဒူးရင်းသီးအပြင် အာလူးကြော်၊ ထမင်းနှင့် ဟင်းလျာ စတုဒိသာများကိုပါ တည်ခင်းကျွေးမွေးခဲ့ပြီး အနုပညာရှင်များကလည်း တေးသီချင်းများဖြင့် လာရောက်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ အထင်ကရနေရာတစ်ခုဖြစ်သည့် တောင်ပုလတောင်တော်သည် ဘုရားဖူးရင်း သဘာဝတောတောင်အလှအပများနှင့် တိမ်ပင်လယ်ကို ကြည့်ရှုခံစားနိုင်သည့်အပြင် အပန်းဖြေဓာတ်ပုံရိုက်ကူးစရာ နေရာများစွာ ရှိခြင်းကြောင့် ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။

news-view-count-icon

8