မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ (၉ x ၁၀) လမ်းကြားတွင် ယနေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီ ၁၂ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိရခြင်းတွင် ကနဦး၌ Fire Level-1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီးနောက်၊ မီးအရှိန်ကြောင့် ညနေ ၅ နာရီ ၁၉ မိနစ်တွင် Level-2 ယာဉ်အုပ်စုကို ထပ်မံဖြည့်တင်းကာ အင်အားသုံး ငြှိမ်းသတ်ခဲ့ရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ညနေ ၅ နာရီ မိနစ် ၂၀ အချိန်တွင် မီးကို ထိန်းနိုင်ပြီ (မီးထိန်း) ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
May 24 • 11:18 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 7 | 0 | 0 | 0 |


