ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မှ ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မူဆယ်တွင် အလုပ်သွားလုပ်ရာမှ ၂ လနီးပါးကြာ ပျောက်ဆုံးနေ

May 24 • 7:20 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မှ ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မူဆယ်တွင် အလုပ်သွားလုပ်ရာမှ ၂ လနီးပါးကြာ ပျောက်ဆုံးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် မိုမိုးအေးသည် ပြီးခဲ့သည့် ဧပြီလက မူဆယ်မြို့ရှိ ဂိမ်းဆိုင်တစ်ခုတ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် မိုမိုးအေးသည် ပြီးခဲ့သည့် ဧပြီလက မူဆယ်မြို့ရှိ ဂိမ်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ၂ လနီးပါးကြာ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မူဆယ်မြို့တွင် အလားတူ မေလ ၅ ရက်နေ့ကလည်း လစာကောင်းသည့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် လာရောက်ခဲ့သူ လပွတ္တာမြို့မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးခဲ့သဖြင့် မိဘများက လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့နှင့်အတူ လာရောက်ရှာဖွေခဲ့သော်လည်း ယခုထက်ထိ မတွေ့ရှိသေးပေ။ မူဆယ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းများကမူ လက်ရှိတွင် လူကုန်ကူးမှုဖြစ်စဉ်များ အလွန်များပြားနေသဖြင့် အမျိုးသမီးငယ်များအနေဖြင့် မူဆယ်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်ခြင်း မပြုကြရန် သတိပေးတိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

5