ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

May 24 • 3:13 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်တွင် မေလ ၂၄ ရက် ၀၀ နာရီ ၀၅ မိနစ်ခန့်က လူနေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်တွင် မေလ ၂၄ ရက် ၀၀ နာရီ ၀၅ မိနစ်ခန့်က လူနေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြစ်ကြီးနားခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၄ စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ၊ ၀၀ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

5