မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် ပြေးဆွဲနေသော ကေဘယ်လ်ကားဝန်ဆောင်မှုကို မိုးရွာသွန်းမှုနှင့် မိုးကြိုးစက်ကွင်းအန္တရာယ်များကြောင့် မေလမှစ၍ စက်တင်ဘာလအထိ ၄ လကြာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးကေဘယ်လ်ကားကုမ္ပဏီထံမှ သိရသည်။ အဆိုပါကေဘယ်လ်ကားများကို နှစ်စဉ် မိုးတွင်းကာလတွင် ပုံမှန်ရပ်နားလေ့ရှိပြီး သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်ကာလမှ ကဆုန်လပြည့်နေ့အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ခရီးသည် ၈ ဦးစီး ကားအစီးရေ ၄၄ တွဲဖြင့် ပြေးဆွဲပေးလေ့ရှိသည်။ လက်ရှိတွင် စီးနင်းခနှုန်းထားများအဖြစ် ပြည်တွင်းဘုရားဖူးများအတွက် အသွား ကျပ်နှစ်သောင်း (အသွားအပြန် ကျပ်သုံးသောင်း) နှင့် နိုင်ငံခြားသားများအတွက် အသွား ၁၅ ဒေါ်လာ (အသွားအပြန် ဒေါ်လာ ၂၀) သတ်မှတ်ထားပြီး၊ လာမည့်သီတင်းကျွတ်ကာလမတိုင်မီ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရားဖူး ကေဘယ်လ်ကားပြေးဆွဲမှု မိုးတွင်းကာလ ၄ လကြာ ယာယီရပ်နား
May 23 • 7:29 AM
မြန်မာ
မွန်
မျှဝေမည်
| 24 | 0 | 0 | 0 |


