ယခုပညာသင်နှစ်တွင် ကျောင်းပြင်ပရောက် ကျောင်းသားများအတွက် အတန်းကူးပြောင်းနိုင်မည့် Placement Test လျှောက်လွှာများ ခေါ်ယူ

May 21 • 7:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ယခုပညာသင်နှစ်တွင် ကျောင်းပြင်ပရောက် ကျောင်းသားများအတွက် အတန်းကူးပြောင်းနိုင်မည့် Placement Test လျှောက်လွှာများ ခေါ်ယူ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် (Grade 2 မှ Grade 9) ကျောင်းသား၊ ကျောင်းသူများအ...

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် (Grade 2 မှ Grade 9) ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အတန်းတက်ရောက်ခွင့်ရရှိမည့် အရည်အချင်းစစ် စာမေးပွဲ (Placement Test) လျှောက်လွှာများကို အခြေခံပညာဦးစီးဌာနက ခေါ်ယူနေပြီ ဖြစ်သည်။ လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် မေလ ၂၂ ရက်နေ့မှစ၍ အခမဲ့ ထုတ်ယူနိုင်ပြီး ဇွန်လ ၅ ရက်နေ့ နောက်ဆုံးထား တင်သွင်းကာ၊ ဇွန်လ ၁၅ ရက်မှ ၂၀ ရက်နေ့အတွင်း သတ်မှတ်ကျောင်းဝတ်စုံ ဝတ်ဆင်၍ ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲ အောင်မြင်မှသာ ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ အတန်းတက်ရောက် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

8