မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့စေရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဇွန်လတွင် ကျင်းပမည်

May 20 • 7:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့စေရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဇွန်လတွင် ကျင်းပမည်

လာမည့်ခရီးသွားရာသီတွင် ပြည်ပနိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံ၏ အလှအပနှင့် ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပ...

လာမည့်ခရီးသွားရာသီတွင် ပြည်ပနိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံ၏ အလှအပနှင့် ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန်လ ဒုတိယပတ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါပြပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်း ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းသွားခြင်းအား ပြန်လည်မြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာဝအလှတရားများ၊ အပန်းဖြေကမ်းခြေများ၊ ရိုးရာအစားအစာများ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များကို နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

news-view-count-icon

16