ကမ္ဘာ့ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆု ဆွတ်ခူး

May 20 • 7:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကမ္ဘာ့ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆု ဆွတ်ခူး

မေလ (၁၉)ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ (King's Cup) အမျိုးသားသုံးယောက်တွဲ (Regu Event) ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ထိုင်း...

မေလ (၁၉)ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ (King's Cup) အမျိုးသားသုံးယောက်တွဲ (Regu Event) ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ထိုင်းအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း ရလဒ်ပိုင်းအရ ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။မြန်မာအသင်းသည် အဓိက ကစားသမားများဖြစ်သည့် အောင်အောင်၊ သန့်ဇင်ထွန်းနှင့် ရဲထက်တို့ဖြင့် ပွဲထွက်လာခဲ့ပြီး ထိုင်းအသင်းကို အစွမ်းကုန် တုံ့ပြန်ကစားခဲ့သော်လည်း ပထမပွဲ( ၈ - ၁၅) ထိုင်းအနိုင်၊ ဒုတိယပွဲ(၁၅ - ၁ )မြန်မာအ နိုင်၊ အဆုံးအဖြတ်ပွဲ(၇ - ၁၅) ထိုင်းအနိုင် ရလဒ်တို့ရရှိခဲ့ကြောင်း သိရသည်။ပွဲစဉ်တလျှောက် မြန်မာအသင်းသည် ဒုတိယပွဲတွင် ပြန်လည်အနိုင်ရရှိခဲ့သဖြင့် မျှော်လင့်ချက်များ ရှိခဲ့သော်လည်း နောက်ဆုံး အဆုံးအဖြတ်ပွဲတွင် ထိုင်းအသင်း၏ အမှားအယွင်းမရှိ တိုက်စစ်ဆင်မှုများကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

12