ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မေလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆” အခမ်းအနား၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးလာမှုနှင့်အတူ တရုတ်ဒူးရင်းသီးဈေးကွက်တွင် ဝေစုရရှိနိုင်ရေး ရည်မှန်း၍ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာ့ဒူးရင်းသီးဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။ 
တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC တွင် မှတ်ပုံတင်မည်
May 20 • 4:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


