အိမ်ဖြူတော်တွင် ကျင်းပမည့် UFC ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံ မြန်မာပြည်ဖွား ချင်းလူမျိုး ဂျိုရှုအာဗန် (Joshua Van) ဖိတ်ကြားခံရ

May 19 • 9:23 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံ မြန်မာပြည်ဖွား ချင်းလူမျိုး ဂျိုရှုအာဗန် (Joshua Van) ဖိတ်ကြားခံရ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် (White House) ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲကြီးသို့ မ...

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် (White House) ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံဖွား UFC ဖလိုင်းဝိတ်တန်း (Flyweight) ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) ဖိတ်ကြားခြင်း ခံထားရကြောင်း သိရသည်။“UFC Freedom 250” ပွဲကြီးကို အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ၂၅၀ ပြည့် အထိမ်းအမှတ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဂျိုရှုအာဗန် အပါအဝင် ကမ္ဘာ့ထိပ်သီး ချန်ပီယံများလည်း တက်ရောက်ကြမည်ဟု သိရသည်။ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဂျပန်ဖိုက်တာ တတ်ဆူရိုတာအိရ ကစားသမားအား အလဲထိုးကာ ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့သည့် အသက် ၂၄ နှစ်အရွယ် မြန်မာပြည်ဖွား ဂျိုရှုအာဗန်သည် လက်ရှိတွင် UFC ၏ ထိပ်သီးကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်နေခြင်းလည်း ဖြစ်သည်။အဆိုပါ အိမ်ဖြူတော်မှာ ပြုလုပ်မည့်ပွဲကို လာမည် ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက် ရက်တွင်ကျင်းပမည်ဖြစ်ပြီး UFC ၏ အထူးပွဲအဖြစ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

14