ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ (၁၂) တွင် မေလ ၁၉ ရက် ယနေ့နံနက် ၈ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ ရမ်ပူရပ်ကွက်အရန်မီးသတ်စခန်းနှင့် ကျွန်းပင်သာရပ်ကွက်အရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၅) စီး (စုစုပေါင်း မီးသတ်ယာဉ် ၆ စီး) ဖြင့် ချက်ချင်းထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းငြှိမ်းသတ်မှုကြောင့် နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။


