​အိန္ဒိယအသင်းကို (၂)ပွဲပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ ဆက်လက်တက်လှမ်းသွားသည့် မြန်မာ ပိုက်ကျော်ခြင်းအသင်း

May 19 • 5:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

​အိန္ဒိယအသင်းကို (၂)ပွဲပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ ဆက်လက်တက်လှမ်းသွားသည့် မြန်မာ ပိုက်ကျော်ခြင်းအသင်း

​ယမန်နေ့ည (၈) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် (၃) ယောက်တွဲ ပိုက်ကျော်ခြင်း ကွာတားဖိုင်နယ် ပွဲစဉ်တွင်လည်း မြန်မာအသင်းက အိန္ဒိယအသင်းကို (၂) ပွဲပြတ်ရလဒ်ဖြင့် ...

​ယမန်နေ့ည (၈) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် (၃) ယောက်တွဲ ပိုက်ကျော်ခြင်း ကွာတားဖိုင်နယ် ပွဲစဉ်တွင်လည်း မြန်မာအသင်းက အိန္ဒိယအသင်းကို (၂) ပွဲပြတ်ရလဒ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး

​ပထမပွဲတွင် (၁၅-၉) ရလဒ်၊​ဒုတိယပွဲတွင် (၁၅-၅) ရလဒ်တို့ဖြင့် ​ပြိုင်ဘက်အိန္ဒိယအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပွဲချိန်တစ်လျှောက်လုံး အမှားအယွင်းမရှိ တိုက်စစ်နှင့် ခံစစ် မျှတစွာ ကစားနိုင်ခဲ့သည့်အတွက် ယခု ကဲ့သို့ ဂိုးပြတ်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။အဆိုပါ အနိုင်ရရှိမှုကြောင့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီး နောက်တစ်ဆင့်အတွက် ဆက်လက် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

news-view-count-icon

15