မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) တွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် နာမည်ကြီး ထိုင်းအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ယူကာ ၄ ယောက်တွဲပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ယမန်နေ့ကျင်းပပြုလုပ်သည့် Quadrant Event ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အာရှအင်အားကြီး ထိုင်းအသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းအတွက် ပွဲထွက်လူစာရင်းတွင် အာဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက် မျိုးလေးတို့က အမာခံကစားသမားများအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုင်းကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားပိုက်ကျော်ခြင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် မြန်မာအသင်း
May 19 • 5:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


