ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ဘောလုံးအားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို အသစ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာနထံက သိရသည်။အဆိုပါ အစည်းအဝေးတွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်မည့် လုပ်ငန်းစဉ်များ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှ ရှေ့ဆက်ဆောင်ရွ က်မည့် လုပ်ငန်းစဉ်များနှင့် ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များ အားကစားကွင်းများနှင့်ပတ်သက်၍ လိုအပ်သည့် ပြင်ဆင်မှုများနှင့် ရည်ရွယ်ချက်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။မြို့နယ်အဆင့်အဖွဲ့ချုပ်များကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လူငယ်ကစားသမားသစ်များ ပေါ် ထွက်လာရေးနှင့် ဒေသတွင်း ဘောလုံးပြိုင်ပွဲများ ပိုမိုစည်ကားလာစေရန် မျှော်လင့်လျက်ရှိကြောင်း ဆိုသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို အသစ်ပြန်လည် ဖွဲ့စည်းမည်
May 19 • 5:22 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 13 | 0 | 0 | 0 |


