ဓနုဖြူမြို့မဈေး မီးလောင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စျေးသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းပြင်ဆင်နေေ

May 18 • 4:51 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဓနုဖြူမြို့မဈေး မီးလောင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စျေးသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းပြင်ဆင်နေေ

ယမန်နေ့ (၁၇)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့မဈေးမီးလောင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြ...

ယမန်နေ့ (၁၇)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့မဈေးမီးလောင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့မဈေးအသစ်ပြန်လည်တည်ဆောက်နိုင်ရေး  စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။ဓနုဖြူမြို့မြို့မဈေးသည် ဧပြီလ(၂၆)ရက် နံနက် (၆)နာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများလာရောက်ခဲ့စဥ် မီးလောင်မှုဖြစ်ပွားခဲ့သော မြို့မဈေးနေရာတွင် ဈေးသစ်ကြီးပြန်လည်တည်ဆောက်ပေးရန် ညွှန်ကြားထားခဲကြောင်း သိရသည်။       ဓနုဖြူမြို့မဈေးတွင် ဆိုင်ခန်းပေါင်း(၄၁၀)ရှိရာမှ မီးလောင်မှုကြောင့်ဈေးရုံ(၁၃)ရုံနှင့် ဆိုင်ခန်းပေါင်း(၂၇၁)ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

news-view-count-icon

14