မန်ယူအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး အွန်နရီနဲ့ မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားတို့ရဲ့ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုစံချိန်ကို လိုက်မီခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။အွန်နရီက ၂၀၀၂-၀၃ ရာသီနဲ့ ဒီဘရိုုင်းနားက ၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှု အကြိမ်(၂၀)စီ ပြုလုပ်ခဲ့ကြပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားတာကို ဒီဘရိုင်းနားက လိုက်မီခဲ့တာပါ။မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူ ၃-၂ နော်တင်ဟမ်ဖောရက်စ်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က အသင်းအတွက် တတိယမြောက်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး အမ်ဘူမိုက သွင်းယူခဲ့ပါတယ်။ဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုက (၂၀)ပြည့်သွားခဲ့တာဖြစ်ပြီး မန်ယူအသင်းက ဒီရာသီမှာ သူ့ရဲ့ ဂိုးဖန်တီးမှုတွေကနေ (၂၁)မှတ်အထိ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။
မန်ယူအသင်း ဘရူနိုဖာနန်ဒက်စ်ကို အွန်နရီနဲ့ ဒီဘရိုင်းနားတို့ရဲ့ ဂိုးဖန်တီးမှုစံချိန်ကို လိုက်မီခဲ့လို့ ဂုဏ်ပြုလက်ဆောင် ပေးအပ်
May 18 • 3:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


