ရှမ်းပြည်နယ်၊ရွာငံတွင် ကျောက်သဲကျင်းပြိုကျ၍ အမျိုးသား နှစ်ဦး သေဆုံး

May 18 • 1:48 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ရွာငံတွင် ကျောက်သဲကျင်းပြိုကျ၍ အမျိုးသား နှစ်ဦး သေဆုံး

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ မေ ၁၇ ရက်၊ မနက် ၁၁ နာရီခွဲ လောက်က ကျောက်သဲကျင်း ပြိုကျမှုကြောင့် အမျိုးသားနှစ်ယော...

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ မေ ၁၇ ရက်၊ မနက် ၁၁ နာရီခွဲ လောက်က ကျောက်သဲကျင်း ပြိုကျမှုကြောင့် အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ကနေ သိရပါတယ်။ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးရှိ ကျောက်သဲကျင်း ပြိုကျမှုဖြစ်ပွားပြီး ကျောက်သဲတူးနေသူ အမျိုးသား သုံး ယောက် ပိမိနေကြောင်း သတင်းအရ ရွာငံမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ဒီဖြစ်စဉ်မှာတော့ ကျောက်သဲကျင်းထဲမှာ ပိမိခဲ့တဲ့ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပြီး အမျိုးသား တစ်ယောက် ထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။သေဆုံးသူ ရုပ်အလောင်းတွေ နဲ့ ထိခိုက်ဒဏ်ရာရသူကို လူမှုကူညီရေးအသင်းယာဉ်တွေနဲ့ မြိုင်ကျေးရွာ တိုက်နယ် ဆေးရုံ နဲ့ ပင်းတယပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

news-view-count-icon

13