မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ (၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ နှင့် ကာယ ကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ရွှေ ၁၀ ခု၊ ငွေ ၆ ခု နဲ့ ကြေး ၉ ခု စုစုပေါင်း ဆုတံဆိပ် ၂၅ ခု ဆွတ်ခူးရရှိထားပြီး နိုင်ငံအလိုက် အဆင့် ၁ နေရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အား ကစားအဖွဲ့ချုပ်ကနေ သိရပါတယ်။မေ ၁၇ ရက်မှာ ကျင်းပတဲ့ ပြိုင်ပွဲအမျိုးအစား ၁၂ မျိုးကို ပြိုင်ပွဲဝင် နိုင်ငံတွေက အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ရာ မြန်မာက ရွှေ ၅ ခု၊ ဗီယက်နမ်က ရွှေ ၅ ခု နဲ့ ထိုင်းက ရွှေ ၂ ခု ရရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီအပြင် Men’s Team Championship ပြိုင်ပွဲ အမျိုးသား အသင်းလိုက် တံခွန်စိုက်ဆုကို ပထမက မြန်မာ၊ ဒုတိယက ဗီယက်နမ် နဲ့ တတိယက ထိုင်းတို့က ရရှိခဲ့ပြီး Women’s Team Championship ပြိုင်ပွဲ အမျိုးသမီး အသင်းလိုက် တံခွန်စိုက်ဆုကို ပထမက ဗီယက်နမ်၊ ဒုတိယက မြန်မာ နဲ့ တတိယက ထိုင်း တို့က ရရှိခဲ့ပါတယ်။ဒါ့အပြင် Overall Championship Mr. South East Asia 2026 ကာယဗလ မောင်ဆုကို မြန်မာနိုင်ငံက ချမ်းမြေ့ထွန်း က ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ၌ မြန်မာ ရွှေ ၁၀ ခု ရရှိ
May 18 • 1:47 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


