မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်ကို တစ်ရက်လျှင် ခရီးသွား ၁၀၀၀ လောက် ဝင်ထွက်နိုင်အောင် ဆောင်ရွက် ထားတာ ဖြစ်တဲ့အတွက် လေဆိပ်အတွင်း ခရီးသွားပြည်သူတွေ နားနေဖို့ ထိုင်ခုံနေရာချထားမှုတွေကို စနစ်တကျ ဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတက ပြောပါတယ်။မေ ၁၇ ရက်က ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်ကို နိုင်ငံတော်သမ္မတ နဲ့ အဖွဲ့ဝင်တွေဟာ ရောက်ရှိကြပြီး လေ ဆိပ်အဆင့် မြှင့်တင်နေမှုတွေကို ကြည့်ရှုစစ်ဆေးရာမှာ နိုင်ငံတော်သမ္မတက အခုလို လမ်းညွှန်မှာကြားခဲ့တာပါ။အခုလေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့တာဟာ ပြည်တွင်းခရီးစဉ်တွေအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ဦးလွင်ဒေသကနေ ထွက်ရှိတဲ့ သစ်သီးတွေ နဲ့ ပန်းမန်တွေ အခြားဒေသတွေကို လွယ်ကူလျင်မြန်စွာနဲ့ သယ်ယူပို့ဆောင်နိုင်ဖို့ နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုစေဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ အနီးစခန်းလေဆိပ်ကို တစ်ရက်လျှင် ခရီးသွား ၁,၀၀၀ ဝင်ထွက်နိုင်ရန် ဆောင်ရွက်ထားနေ
May 18 • 1:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 13 | 0 | 0 | 0 |


