ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့​နေအိမ် မီးကြိုးဖြတ်အခိုးခံရ

May 17 • 2:24 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့​နေအိမ် မီးကြိုးဖြတ်အခိုးခံရ

ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ ...

ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ ဒီကနေ့မှာ အသိပေးခဲ့တာပါ။သရုပ်ဆောင်ခင်လှိုင်ဟာ ယခင်ကလည်း သူ့ကားနောက်ကြည့်မှန်တွေ အခိုးခံရဖူးတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်ခင်လှိုင်က ဝါရင့်သရုပ်ဆောင် ဦးအောင်လွင် ရွတ်ပြခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကိုလည်း ရုပ်သံမှာ ရွတ်ပြခဲ့ပါတယ်။ ဒါ့ကြောင့် မီးကြိုးခိုးတဲ့သူခိုးအနေနဲ့ အသက်အန္တရာယ်များတဲ့အလုပ်ဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ဖို့ သရုပ်ဆောင်ခင်လှိုင်က အကြံပြုပါတယ်။



news-view-count-icon

25