နမ့်ခမ်းမြို့တွင် “ဝ” ဒေသအခြေစိုက် The Mountain Bank (TMB) ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး ဝန်ထမ်းများခေါ်ယူနေ

May 17 • 6:49 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

နမ့်ခမ်းမြို့တွင် “ဝ” ဒေသအခြေစိုက် The Mountain Bank (TMB) ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး ဝန်ထမ်းများခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် “ဝ” အထူးဒေသ (၂) ပန်ဆန်း (ပန်ခန်း) မြို့အခြေစိုက် The Mountain Bank (TMB) ဖွင့်လှစ်ရန် ပြင်ဆင်...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် “ဝ” အထူးဒေသ (၂) ပန်ဆန်း (ပန်ခန်း) မြို့အခြေစိုက် The Mountain Bank (TMB) ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လက်ရှိတွင် ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ နမ့်ခမ်းမြို့မဈေးအနီးရှိ ယခင် ကမ္ဘောဇ (KBZ) ဘဏ်ရုံးဟောင်းနေရာတွင် ဘဏ်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး၊ လမ်းဘေးများတွင်လည်း ဝန်ထမ်းခေါ်ယူသည့် ကြော်ငြာများ ကပ်ထားသည်ကို တွေ့ရသည်။ နမ့်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ် "၁၀၂၇ စစ်ဆင်ရေး" အတွင်း TNLA က မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း KBZ၊ AYA၊ CB၊ MAB နှင့် YOMA စသည့် လိုင်စင်ရဘဏ်များအားလုံး လုပ်ငန်းရပ်တန့်သွားခဲ့သဖြင့် ဒေသခံများမှာ ဘဏ်ကိစ္စများအတွက် မူဆယ်မြို့အထိ သွားရောက်နေရကြောင်း၊ ထို့ပြင် နမ့်ခမ်းမြို့တွင် တရုတ်ယွမ်ငွေကိုသာ အဓိကသုံးစွဲကြကြောင်း ဒေသခံများက ပြောပြသည်။ အဆိုပါဘဏ်အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကြော်ငြာပါ ဖုန်းနံပါတ်သို့ မဲခေါင်သတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

19