မြိတ်မြို့ရှိ ဆီဂိုဒေါင်မီးလောင် နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

May 17 • 5:03 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

မြိတ်မြို့ရှိ ဆီဂိုဒေါင်မီးလောင် နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ မေ ၁၇ ရက်နံနက် ၈ နာရီခန့်က ဆီဂိုဒေါင်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။မြိတ်မြို့၊ ရှမ်းချောင်း...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ မေ ၁၇ ရက်နံနက် ၈ နာရီခန့်က ဆီဂိုဒေါင်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်ရှိ ဆီဂိုဒေါင်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မြိတ်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီ ၃၅ မိနစ်၌မီး ငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

12