ထိုင်းနိုင်ငံတွင် ဇနီးဖြစ်သူက ဦးဆောင်၍ ခင်ပွန်းဖြစ်သူအတွက် မယားငယ်နှင့် လက်ထပ်မင်္ဂလာပွဲ စီစဉ်ပေးမှု လူပြောများနေ

May 17 • 4:57 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ဇနီးဖြစ်သူက ဦးဆောင်၍ ခင်ပွန်းဖြစ်သူအတွက် မယားငယ်နှင့် လက်ထပ်မင်္ဂလာပွဲ စီစဉ်ပေးမှု လူပြောများနေ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘန်နောင်ဖိုင် (Ban Nong Phai) အရပ်၌ မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ထူးခြားဆန်းပြားသော မင်္ဂလာပွဲတစ်ခုသည် ထိုင်းအင်တာနက် လူမှုက...

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘန်နောင်ဖိုင် (Ban Nong Phai) အရပ်၌ မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ထူးခြားဆန်းပြားသော မင်္ဂလာပွဲတစ်ခုသည် ထိုင်းအင်တာနက် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေပန်းစားလျက်ရှိသည်။ အဆိုပါမင်္ဂလာပွဲ၏ ထူးခြားချက်မှာ အိမ်ထောင်သက်တမ်း ၂၀ ကျော်ရှိပြီး သားသမီးတစ်ဦး ထွန်းကားထားသည့် တရားဝင်ဇနီး (မယားကြီး) ကိုယ်တိုင်က ခင်ပွန်းဖြစ်သူအတွက် ဒုတိယဇနီး (မယားငယ်) နှင့် လက်ထပ်ထိမ်းမြားပွဲကို အစစအရာရာ ရှေ့ကနေ ဦးဆောင်စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။မယားကြီးဖြစ်သူသည် တင်တောင်းငွေအဖြစ် ထိုင်းဘတ် ၃၀၀,၀၀၀ နှင့် ဘတ် ၃၅၀,၀၀၀ ခန့် တန်ဖိုးရှိ ရွှေ ၅ ဘတ်သားကို ကိုယ်တိုင်ပေးအပ်ခဲ့သည့်အပြင် ဒုတိယဇနီးကို အိမ်ပေါ်သို့ ခေါ်ယူကြိုဆိုရန် စေ့စပ်ကြောင်းလမ်းသည့် အခမ်းအနားကိုပါ မင်္ဂလာရှိသောအချိန်ဖြစ်သည့် နံနက် ၉ နာရီ ၉ မိနစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့သည်။ ဤကဲ့သို့ လုပ်ဆောင်ပေးခဲ့ခြင်းမှာ မိသားစုအတွင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုအပြည့်ဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါမိသားစုက ပြောကြားထားပါသည်။

news-view-count-icon

9