မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး ငါးလမ်းကို အဆင့်မြှင့်တင်ဖွင့်လှစ်

May 17 • 3:01 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး ငါးလမ်းကို အဆင့်မြှင့်တင်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလ...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်း စသည့်လမ်း (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကို မေ ၁၆ နံနက်ပိုင်းတွင် သိင်္ဂီလမ်း၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆင့်မြှင့်တင်ဖွင့်လှစ်လိုက်သည့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး (၈) နှင့် (၁၀) ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်းတို့သည် ပဒေသာမြို့သစ် စတင်အကောင်အထည် ဖော်စဉ်ကတည်းကပင်တည်ရှိခဲ့ခြင်းဖြစ်ပြီး မူလလမ်းအကျယ် (၂) လမ်းသွားဖြစ်သော်လည်း ကား (၂) စီး တိမ်းရှောင်ရန်လုံလောက်သည့် အခြေအနေတွင်မရှိသောကြောင့် လမ်း (၅) လမ်း၏ စုစုပေါင်းအရှည် (၃၂၈၁၃) ပေအား အကျယ် (၂၄) ပေအထိ လမ်းအဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းလမ်းများအား အဆင့်မြှင်တင်ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နိုင်လွန်ကတ္တရာလမ်းပေါင်း (၁၆) လမ်း၊ မိုင်အရှည်အားဖြင့် ၁၂ မိုင် ၄ ဖာလုံကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

14