မြန်မာသင်္ဘောသားတစ်ဦး မလေးရှားရေပိုင်နက်ထဲမှာ ပျောက်ဆုံးလို့ မိသားစုရှာဖွေနေ

May 17 • 1:59 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မြန်မာသင်္ဘောသားတစ်ဦး မလေးရှားရေပိုင်နက်ထဲမှာ ပျောက်ဆုံးလို့ မိသားစုရှာဖွေနေ

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကထွက်ခွာတဲ့ MCC Yangon ကုန်တင်သင်္ဘောပေါ်မှာ ကျွမ်းကျင်လုပ်သားအဖြစ်လိုက်ပါသွားတဲ့ အသက် ၂၅ နှစ်အရွယ် ကိုနေသူအောင်ပျောက်ဆုံးနေတာကြောင့်...

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကထွက်ခွာတဲ့ MCC Yangon ကုန်တင်သင်္ဘောပေါ်မှာ ကျွမ်းကျင်လုပ်သားအဖြစ်လိုက်ပါသွားတဲ့ အသက် ၂၅ နှစ်အရွယ် ကိုနေသူအောင်ပျောက်ဆုံးနေတာကြောင့် မိသားစုကလိုက်လံရှာဖွေနေတယ်လို့ အစ်ကိုဖြစ်သူဆီကသိရပါတယ်။ ကုန်တင်သင်္ဘောတွေသွားရာလမ်းကြောင်းကို စောင့်ကြည့်လို့ရတဲ့ ဝက်ဆိုဒ်စာမျက်နှာတွေမှာ ဖော်ပြချက်အရ ပနားမားအလံလွှင့်တင်ထားတဲ့ MCC Yangon သင်္ဘောဟာ တရုတ်နိုင်ငံ၊ နန်ရှာ (Nansha) ဆိပ်ကမ်းကနေ ယမန်နေ့မနက်ပိုင်းထွက်ခွာလာပြီး တောင်တရုတ်ပင်လယ်ထဲကိုရောက်ရှိနေပါတယ်။ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ဇာတိဖြစ်တဲ့ ကိုနေသူအောင်ကတော့ သင်္ဘောက မလေးရှားပင်လယ်ပိုင်နက်ထဲရောက်ချိန်မှာ စတင်ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

news-view-count-icon

15